မဟာပညာ

လူသားအကျိုးပြုကွန်ယက်မှ

ကြိုဆိုပါသည်။

  • သူနာပြုအကူသင်တန်း
    ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ် Phlon Education Development Unit (PEDU) က ကြီးမှူးဖွင့်လှစ်သင်ကြားမည့် – PEDU (2024) BATCH-4 အမှတ်စဉ် (၄) သူနာပြုအကူသင်တန်း တက်ရောက်သင်ကြားလိုသော သင်တန်းသူ/သားများ တက်ရောက်သင်ကြားနိုင်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~ ဝင်ခွင့်လျှောက်လွှာ ***************** ဝင်ခွင့်လျှောက်လွှာများကို – တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းရုံးခန်း နှင့် ပီအီးဒီယူ ကုသိုလ်ဖြစ်ဆေးခန်း။ 09 796 017 61109 660 924 24209 787 817 822 – တို့တွင် ဆက်သွယ် ဝင်ခွင့်လျှောက်လွှာ ရယူနိုင်ပါသည်။ —————————— Facebook page : PEDU Channel ဖလုံပညာ… Read more: သူနာပြုအကူသင်တန်း
  • ။ လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)။
    မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ် ။ လွတ်လပ်ရေးနေ့ (အင်္ဂလိပ် Independence Day)သည်နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ ။ မြန်မာနိုင်ငံသည်၁၉၄၈-ခုနှစ်ဇန်နဝါရီလ (၄)ရက်နေ့တွင်စစ်မှန်သောလွတ်လပ်ရေးကိုရရှိခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့၏စိုးမိုးအုပ်ချုပ်မှုအောက်မှလွတ်မြောက်လာခဲ့သောတိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင်လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်သည့်နေ့ကို“ လွတ်လပ်ရေးနေ့” ဟူ၍အသိအမှတ်ပြုထားကြသည်။ ။ လွတ်လပ်ရေးနေ့အင်္ဂလိပ်: Independence Day ကမ္ပည်းစိုက်ထူ ။ ခရစ်နှစ် ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်ပြာသိုလဆုတ် (၉ )ရက်တနင်္ဂနွေနေ့ကားမြန်မာနိုင်ငံသည်လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံတော်အဖြစ်သို့ကောင်းစွာရောက်ရှိသောနေ့ဖြစ်လေသည်။ ။ ထိုနေ့သည်ပြည်ထောင်စုမြန်မာနိုင်ငံသားများအဖို့ထူးမြတ်သောနေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိမြို့ရွာများတွင်ထိုနေ့ကိုမှတ်တမ်းတင်သောမော်ကွန်းကျောက်စာတိုင်များစိုက်ထူကြပြီးလျှင်အောက်ပါအတိုင်းကမ္ဗည်း ရေးထိုးထားကြသည်။ “ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ ” ဆင်ယင်ကျင်းပ ။… Read more: ။ လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)။
  • ။ နှစ်ဟောင်းကို နှုတ်ဆက်ခြင်း ။
    ။ လူတစ်ယောက်ရဲ့အကြောင်းကိုအားလုံးမသိနိုင်သလိုနှစ်တစ်နှစ်ရဲ့အကြောင်းကိုအားလုံးမသိနိုင်ပါဘူး။ ။ နှစ်ဟောင်းရဲ့အဖြစ်ကိုအမျိုးမျိုးဖြစ်နေသလိုနှစ်သစ်အဖြစ်သည်လည်းအမျိုးမျိုးဖြစ်နေမှာပါပဲ။ ။ နှစ်ဟောင်းကသင်ခန်းစာတွေကနှစ်သစ်မှာ ပြန်မရတော့သလိုနှစ်သစ်ကသင်ခန်းစာတွေလည်းနှစ်ဟောင်းကိုပြန်မပေးပါဘူး။ ။ နှစ်သစ်ကူးတော့နှစ်ဟောင်းကိုလွမ်းတဲ့သူမုန်းတဲ့သူနှမြောတသတဲ့သူတမ်းတတဲ့သူနှစ်သက်တဲ့သူမနှစ်သက်တဲ့သူနှုတ်ဆက်သူနှုတ်မဆက်သူအမျိုးမျိုးအဖုံဖုံပါပဲ။ ။ နှစ်ဟောင်းကမိမိရဲ့အကြောင်းကိုပြန်ပြောင်းပြီးဘယ်လိုပဲအောက်မေ့အောက်မေ့တမ်းတတမ်းတသတိဘယ်လိုပဲရရမရရပါဖြစ်ပျက်ခဲ့တဲ့အဟောင်းတွေကမိမိအတွက်သင်ခန်းစာပဲလေ။ ။ နှစ်သစ်မှာမိမိအတွက်ရမည့်သင်ခန်းစာကဘာလဲဘယ်လဲဆိုတာရေရေရာရာမသိရပေမယ့်သမုဒယသစ္စာဒုက္ခသစ္စာတွေကလွဲရင်သည်ထက်ပို၍မရှိပါဘူး။ ။ အကြင်နာပိုရင်နာပိုရတာတွေမနာလိုရတာတွေအပိုတွေအလိုတွေဒုနဲ့ဒေးကမနက်ဖြန်သို့မဟုတ်ဘယ်သောခါပါပဲဆိုတာသင့်အတွက် သင်ခန်းစာပါ ။ ။ အဆင်ပြေလည်း ဒုက္ခမပြေလည်း ဒုက္ခမို့ဒုက္ခပေးမည့်အရာကအသက်ရှင်လေသမျှပါပဲ။ ။ ဒါကြောင့်၂၀၂၄ ခုနှစ်နှစ်သစ်မှာ” အပြစ်မယူမငြူစူဘူးကြည်ဖြူတွဲလက်မေတ် တာ ဆက် ၍စဉ်ဆက်ကမ္ဘာတိုင်ပါစေလေ​ကောင်းဆုချွေသည်ကောင်းထွေစည်လျက်တိုးစေသော်” ဟုဆုမြတ်ပတ္ထနာပြုပါသည်ဆုလာဘ်ခါခါစုပါစေ။ တောင်ကလေးဆရာတော်(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁) ရက်၊ တနင်္ဂနွေနေ့နံနက်။)
  • ဒကာကြီး ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း)က နဂိုကတည်းက ဒီမိုကရက်
    “ဒကာကြီး ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) က နဂိုကတည်းက ဒီမိုကရက်” နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် တောင်ကလေးဆရာတော်ကို လျှောက်ထားမေးမြန်းခြင်း အတွဲ(၁၂)၊ အမှတ်(၈)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လပြည့်ကျော် ၁ ။ ၁-၉-၂၀၂၃ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ ၂ဝ၂၃ခုနှစ် မေလတွင် တိုင်းရေးပြည်ရေးအခြေနေများနှင့် သာသနာရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပညာသာမိ တောင်ကလေးဆရာတော်(အဲးခိုး)ထံသို့ မြန်မာသံတော်ဆင့် အယ်ဒီတာ သွားရောက်ဖူးမြော်ကာ ဆရာတော်၏အမြင်များကို လျှောက်ထား မေးမြန်းခဲ့စဉ်။ (ယခင်တစ်ပတ်ဖော်ပြခဲ့သော မေးမြန်းခန်းအဆက်) သံတော်ဆင့် – ဆရာတော်သီတင်း သုံးနေတဲ့ကျောင်းသစ်ကြီးကို အခု… Read more: ဒကာကြီး ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း)က နဂိုကတည်းက ဒီမိုကရက်
  • ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (နောက်ဆုံးပိုင်း)
    အဲးခိုး အတွဲ(၁၂)၊ အမှတ်(၇)၊ မြန်မာသက္ကရာဇ် ၁၃၈၅၊ ဝါခေါင်လဆန်း ၂ ။ ၁၈ – ၈ – ၂ဝ၂၃၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ (ယခင်အပတ်မှအဆက်) မဖြတ်နိုင်တဲ့အရာ  ခေတ်အဆက်ဆက်က အရှက်တရား၊ အကြောက်တရားနဲ့ဆိုင်တဲ့ လူမှုရေးတရား ထိန်းသိမ်းနေထိုင်လာခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အခုတော့ အမြင်မတော်၊ အကြားမတော်တဲ့ နေရာတွေမှာ ကိုယ့်ကိုယ်ကို ကျွန်လုပ်စားနေကြတဲ့အဖြစ်ဟာ မဖြစ်သင့်တာ အမှန်ပါပဲ။ ဒီလို (ခုလို) ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ကြည့်လိုက်ရင်လည်း မိမိတို့ရဲ့ တိုင်းပြည်အပေါ်မှာ ဦးဆောင်ဦးရွက်ကြတဲ့ သူတွေရဲ့ သတိမမူနိုင်မှု တွေပါပဲ။ လိင်ကျွန်၊ ငွေကျွန်၊ လူမှုကျွန် နစ်ကျွံနေကြရတဲ့… Read more: ဘယ်နေ့ပြီးပြည့်စုံမည်လဲ? (နောက်ဆုံးပိုင်း)
မေ လ၊ 2024 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  

ကိုယ်တိုင်ပါဝင်ဆွေးနွေးချင်ပါသလား?

အောင်ဖေတို့စကားဝိုင်းမှာ ပါဝင်ဆွေးနွေးချင်ရင်တော့ အောက်ကလိပ်စာကိုဆက်သွယ်ပြီး စာရင်းပေးလိုက်ပါ။

Loading